ကျောက်တံခါးမြို့နယ်အတွင်း ခွဲတမ်းရရှိသောစားသုံးဆီ ရောင်းချသည့်ဈေးဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး နှင့် ဗီနိုင်းချိတ်ဆွဲရောင်းချရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အား တက်တရော ဆောင်ရွက်လျက်ရှိရာ ၁၆.၆.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်း စည်ပင်သာယာ ဈေးအတွင်းတန်း၊ အပြင်တန်းများတွင် ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချ လျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် မိတ် ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ  ပဲနွယ်ကုန်းစည်ပင်သာယာ ဈေးအတွင်းတန်းနှင့် အပြင်တန်းများ၌ ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံ က ခွဲတမ်းရရှိသော စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ စားသုံးသူပြည်သူ များအား ပွင့်လင်းမြင်သာမှုရှိစွာ ဗီနိုင်းချိတ်ဆွဲရောင်းချရန်၊ အမြတ်(၂)ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ရောင်းချမှုလက်ခံသည့် ဘောက်ချာများ ထားရှိရန် အသိပညာပေး ဟောပြော ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)