
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အလေး ထား ဆောင်ရွက်လျက်ရှိရာ ၁၆.၆.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ဒိုက်ဦးမြို့မဈေးအတွင်းတန်း၊ အပြင်တန်းများတွင် ခွဲတမ်း ရရှိသော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ ဒိုက်ဦးမြို့မဈေးအတွင်းတန်းနှင့် အပြင်တန်းများ၌ ခွဲတမ်းရရှိ သော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ် တာဝန်ခံက ခွဲတမ်းရရှိသော စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ရောင်းချရာ တွင်လည်း အလေးချိန်မှန်ကန်စွာဖြင့် ချင်တွယ်ရောင်းချရန်၊ စားသုံးသူ ပြည်သူများအား ပွင့်လင်း မြင်သာမှုရှိစွာ ဗီနိုင်းချိတ်ဆွဲရောင်းချရန်၊ အမြတ်(၂)ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်းချခြင်း မပြု ရန်၊ ရောင်းချမှုလက်ခံသည့် ဘောက်ချာများ ထားရှိရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ပဲခူး)