
ကျောက်ဖရုံသီးပင်သည် အသီးနှင့် အညွန့်ပါ စားရသည့်အတွက် ဈေးကွက်အတွင်း ရောင်းချရာတွင် ဝင်ငွေနှစ်မျိုးရရှိပါသည်။ ကျောက်ဖရုံသီးကို ပြည်မြို့နယ်အနီးတဝိုက်ဖြစ်သော သဲကုန်း၊ ပုတီးကုန်း၊ ဝက်ပုတ်၊ အင်းမဒေသများတွင် လည်းကောင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဖြစ်သော မီးလောင်ရွာ၊ ဝါးတောရွာ၊ ကျီးသဲနှင့် မြို့မရွာတွင်လည်းကောင်း၊ ကျောက်ဖရုံသီးအများအပြားစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ကျောက်ဖရုံသီးများအား ကုန်စိမ်းဒိုင်များသို့ သွားရောက်ရောင်းချခြင်းကအပြင် လက်လီလာရောက်ဝယ်ယူသူများအား ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ကုန်စိမ်းဒိုင်များသို့ရောင်းချပြီးနောက် ဒိုင်များမှ ပီနံအိတ် တစ်အိတ်လျှင် ကျောက်ဖရုံသီး အလုံး (၂၀)ပါအိတ်များဖြင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။ ကျောက်ဖရုံသီးများအားဈေးကွက်အတွင်းရောင်းချရာတွင် အလုံးကြီးတစ်လုံးလျှင် (၁၂၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချနေကြ ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)