ဈေးနှုန်းများကျဆင်းလာတဲ့ ပြည်သံပုရာဈေးကွက်

Powered by Drupal

  သံပုရာသီးကိုနွေသီးနှင့် မိုးသီးဟူ၍ (၂)မျိုးရှိပြီးနွေရာသီတွင် သီးသောအသီးမှာအထွက် နည်း၍ တန်ဖိုးလည်းကြီးပါသည်။ ယခင်နွေရာသီကာလအချိန်တွင် ရာသီဥတုများ ပူပြင်းလွန်းသည့်အတွက် သံပုရာသီးအထွက်နှုန်းနည်းပြီး ဈေးကွက်တွင် ရောင်းချသောဈေးနှုန်းမှာ သံပုရာသီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ‌ရောင်းချခဲ့ကြပါသည်။ ယခုအချိန်ဖြစ်သောမိုးရာသီကာလ တွင် သံပုရာသီများလှိုင်လှိုင်ထွက်ပေါ်လာချိန်ဖြစ်၍ တစ်ပင်လျှင် အလုံးရေ (၅၀၀)ခန့် အသီးနှုန်းအားကောင်းလာသဖြင့် သံပုရာသီးဈေးမှာလည်း ကျဆင်းလာခဲ့၍ ရောင်းချသောဈေးနှုန်းများ မှာအကြီးတစ်လုံးလျှင်(၁၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀)ကျပ် ဖြင့် ဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချနေသော သံပုရာသီး များမှာ လည်း ပြည်ဒေသအတွင်းထွက်ရှိသောသံပုရာသီးများဖြစ်ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြ ပါသည်။ ထို့ကြောင့်သံပုရာသီးကို နွေသီးနှင့် မိုးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွာခြား ချက်များရှိ၍ တစ်နိုင် တစ်ပိုင်စိုက်ပျိုးသူများ အနေဖြင့်လည်း အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ပါသည်။

DOCA(ပဲခူး)