မြိတ်မြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့၊နေ့လယ် (၁၄:၀၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ပူး‌ပေါင်း၍ မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင် ဆေးဝါးများရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ထိန်းချုပ်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ အပါအဝင် သက်တမ်းလွန်ဆေးဝါးများနှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)