
ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ဌက်ပျောသီး စျေးကောင်းရရှိ၍ မိသားစုအပို ဝင်ငွေရရှိကြောင်းသိရှိရပါသည်။ ဌက်ပျောတွင် သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့သည် လူကြိုက်များသည့် အတွက် ရောင်းအား အလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ် ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်း တစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့်နှင့် ရွှေဌက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။
DOCA(တနင်္သာရီ)