ထားဝယ်မြို့ရှိ ဒညင်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      မိုးရာသီအချိန်တွင်သာ ရရှိလာသည့် တညင်းသီးဖြစ်ပါသည်။ တညင်းသီးအား အတို့အမြုပ်အဖြစ်လည်းကောင်း၊ ဆားရည်စိမ်ပြီးလည်းကောင်း စားသောက်လေ့ရှိပါသည်။ တညင်းသီးပင်များအား ထားဝယ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပါသည်။

   ယခုရာသီအချိန်တွင် ထားဝယ်မြို့နယ်အတွင်း ဝင်‌ရောက်လာသည့် တညင်းသီးများမှာ ကလိန်အောင်၊ရေဖြူဘက်မှဖြစ်ပြီး တညင်းသီးအကြီး (၁၀)လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး သေး (၁၀)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)