တနင်္သာရီတိုင်းဒေသကြီးထွက် ပုစွန်ခြောက် စျေးနှုန်း/စျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ပင်လယ်ပြင်သို့ ငါးဖမ်းစက်လှေ အကြီး/ အလတ်/အငယ်များ တစ်နိုင်တစ်ပိုင်လှေများဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါး၊ ပုစွန် များအား ဖမ်းယူကာ ငါး၊ ပုစွန် အစိုများအား ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းစျေးကွက်များတွင် ရောင်းချ ခြင်းများ၊ နေလှန်းကာ ငါးခြောက်၊ ပုစွန်ခြောက်များ ပြုလုပ်ခြင်းများ၊ ပုစွန်အသေး(ခေါ်) ဂွေးကောင်လေးများအား ဖမ်းယူကာ ဂွေးငပိ ပြုလုပ်ကာ မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။

  ယခုထားဝယ်စျေးကွက်တွင် ဒေသတွင်း စားသုံးမှုများသော ပုစွန်ခြောက်စျေးနှုန်းများမှာ အကောင်သေး တစ်ပိဿာလျှင်(၉၀၀၀၀/၁၀၀၀၀၀ ကျပ်)၊ အလတ်ဆိုဒ် တစ်ပိဿာ လျှင်(၁၂၀၀၀၀/၁၃၀၀၀၀ ကျပ်)၊ အကောင်ကြီး တစ်ပိဿာလျှင် (၁၅၀၀၀၀/၁၆၀၀၀၀ ကျပ်) အသီးသီးရှိကြောင်း ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားပျံကျစျေးများရှိ ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)