ထားဝယ်မြို့ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး စျေးနှုန်းအခြေအနေ

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်(အနီ) ဘိလပ်မြေ တစ်အိတ်လျှင် (၃၄၀၀၀)ကျပ် အသီးသီး ရောင်းချလျက်ရှိပြီး စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကြီးများမှ ရောင်းချလျက်ရှိသော ဓါတ်မြေသြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာအမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၃၆၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၄၈၀၀)ကျပ်နှင့် မြန်မာ့သြဘာအမှတ်တံဆိပ် သန်ဒါး ၁၀၀ စီစီ ပိုးသတ်ဆေး တစ်ဘူးလျှင်(၁၁၄၀၀)ကျပ် ရောင်းချလျက်ရှိပြီး ဘိလပ်မြေ၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်‌ဆေး စျေးနှုန်းများမှာ ဇွန်လအတွင်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)