တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ရောင်းချနေသော ကြံသကာဈေးကွက်

Powered by Drupal

     ယခုအခါ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို ရန်ကုန်မြို့နှင့်မော်လမြိုင်မြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၃၀၀ ကျပ်နှင့်(၁၀)ကျပ်သားလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြံသကာသည် ကြံပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန် တစ်ခုဖြစ် ပြီး ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်း အသုံးပြုကြောင်း၊  အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုကြသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)