စကားဝါပန်းပျိုးပင်ဈေးကွက်

Powered by Drupal

            သစ်ပင်စိုက်ပါ တို့ကမ္ဘာသာယာ လှပစိမ်းမြမြဟု ဆိုသည့်အတိုင်း သစ်ပင်ပန်းပင်တို့သည် ဤကမ္ဘာကြီးကို အလှဆင်ထားပါသည်။ လူနှင့်သက်ရှိသတ္တဝါတို့အတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို သစ်ပင်ပန်းပင်များက ထုတ်လွှတ်ပေးနိုင်သလို လူနှင့်သတ္တဝါတို့ ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်ပန်းပင်များက အစာချက်လုပ်ရန် စုပ်ယူကြပါသည်။ ထိုကြောင့် သစ်ပင်ပန်းပင်နှင့်လူသားတို့သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို အပြန်အလှန် ကျေးဇူးပြု လျက်ရှိပါသည်။ လူတိုင်းနီးပါး သစ်ပင်ပန်းပင်များကို ချစ်မြတ်နိုးတတ်ကြပါသည်။ ထို့အတူ ပန်းပွင့်ကလေးများက အရောင်အသွေးစုံလင်စွာဖြင့် လူတို့၏ စိတ်ကိုကြည်နူးရွှင်မြူးစေပါသည်။ ကိုယ်စိုက် ပျိုးထားသော သစ်ပင်ကလေးများ ပန်းပွင့်ပြီဆိုလျှင် လွန်စွာပျော်တတ်ကြပါသည်။ ပန်းပျိုးပင် ဈေးကွက်အတွင်း၌ စကားဝါပန်းပင်များ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရသည်။ ယခင်ကဆိုလျှင် စကားဝါပန်းကို ပုပ္ပားဒေသမှာသာ ထွက်ပေါ်ပြီး လေလုံဖန်ပုလင်းတွင် ထည့်ရောင်းသောကြောင့် ပုပ္ပားပြန်လက်ဆောင်အဖြစ် ဝယ်ယူ‌ရောင်းချကြသည်။ ယခုအခါ စကားဝါကိုင်းဆက်ပျိုးပင် များသည် (၃)နှစ်အတွင်း ပန်းပွင့်သောကြောင့် လူတိုင်းအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးလာကြသည်။ စကားဝါ၊ စကားဖြူ၊စကားနီ၊ စကားစိမ်း ဟူ၍ ရှိကြသည်။ စကားဝါပန်းရနံ့သည် အလွန်မွှေး ကြိုင်ပါသည်။ စကားဝါပန်း၏ အဓိပ္ပါဘ်သည် မြင့်မြတ်ခြင်း၊ ဇွဲလုံ့လရှိခြင်း သဘာဝကို ချစ်မြတ်နိုးခြင်းရဲ့ သင်္ကတ( Love of Nature) ဟု ဆိုကြသည်။ စကားဝါပန်းပျိုးပင်တစ်ပင်လျှင် အပင်အရွယ် အစားပေါ်မူတည်၍ဥ (၈၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ်ထိ ပေါက်ဈေးရှိပြီး ဝယ်ယူမှု များပြားကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)