ဂျူးဖူးဈေးကွက်

Powered by Drupal

          မန္တလေးဈေးကွက်အတွင်းသို့  ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ဘက်မှ ဂျူးဖူးများ ဇွန်လဆန်း ပိုင်းတွင် စတင်ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ ဂျူးဖူးသည် ဂျူးမြစ်ပင်မှ အဖူးဖြစ်သည်။ မြေပြန့် ဒေသရှိ ကြက်သွန်နီပင်မှ ကြက်သွန်ဖူးနှင့် ဆင်တူပါသည်။ ဂျူးဖူးသည် ရနံ့ပြင်း အဆိမ့် အရသာ ရှိပါသည်။ ဂျူးပင်သည် တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းပြီး မိုးကုတ်၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ဘက်တွင် အများဆုံး စိုက်ပျိုးကြသည်။ ဂျူးပင်သည် တစ်ပင်လုံး အသုံးဝင်သည်။ ဂျူးမြစ်ကို အကြော်မှုန့်ကပ်၍ ဂျူးကြော်ပြုလုပ်ရောင်းချ စားသောက်ကြသည်။ ဂျူးဖူးကြော်ကလည်း မိုးကုတ်ဒေသ၏ အဓိကဟင်းလျာတစ်ခွက်ဖြစ်သည်။ ဂျူးဖူးကို ကြက်သွန် ဖြူဆီချက်ဖြင့် ကြော်ချက်စားသောက်ကြသလို ဂျူးဖူးကို ပြုတ်၍ မြေပဲထောင်း၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူဆီချက်၊ ပဲကျက်မှုန့် တို့ဖြင့် သုပ်စားကြသည်။ မြေပြန့်ဒေသ၏ အဓိကစားကုန် မဟုတ်သည့်အတွက်ကြောင့် ဝယ်ယူမှုနည်းပါးပြီး အနည်းငယ်သာ တင်‌ရောင်းကြောင်း ၊ အချို့ ကြိုက်နှစ်သက်သူများသာ ဝယ်ယူမှုရှိကြောင်း သိရှိရသည်။ ဂျူးဖူးတစ်စီးလျှင် (၈၀၀)ကျပ်၊ နှစ်စီး လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)