“ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

           ပြင်ဦးလွင်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများ အားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ ဇွန်လ(၁၃) ရက်နေ့ တွင် ပြင်ဦးလွင်မြို့၊ကျောက်တိုင်ကွင်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  ဝက်သား (၁)ပိဿာလျှင် (၂၆၀၀၀/-)ကျပ်နှုန်းဖြင့် (၃၀)ပိဿာ၊ အမဲသား(၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ်နှုန်း ဖြင့် (၃၀)ပိဿာ ၊ ဆိတ်သား(၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ ၊ ကြက်သား (၁)ပိဿာလျှင်(၂၀၀၀၀/-)ကျပ်နှုန်းဖြင့် (၅၀)ပိဿာ၊ စားဆီ(၁)ပိဿာ လျှင်(၇၃၀၀/-)ကျပ်နှုန်းဖြင့် ပိဿာချိန်(၅၀၀) ၊ ကြက်ဥတစ်လုံးလျှင်(၃၅၀/-)ကျပ်နှုန်းဖြင့် အလုံး (၃၀၀၀)၊ ဆန်တစ်ပြည်လျှင် (၃၂၀၀/-)ကျပ်နှုန်းဖြင့် ဆန်အိတ်(၁၀)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ ပြည်သူ့ သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး အပတ်စဉ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)