“ ကော့မှူးမြို့နယ်၊ အားမာန်သစ်ခန်းမ၌ ဓာတ်မြေဩဇာများ ခွဲဝေထုတ်ပေးခြင်း”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မိုးစပါး(Seeder)နှင့် စံပြကွက်စိုက်ပျိုးသည့် စိုက်ဧကများအပေါ် ဓာတ်မြေဩဇာအိတ်များ ခွဲဝေထုတ်ပေးခြင်းကို ဇွန်လ (၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါး (Seeder)နှင့် စံပြကွက်စိုက်ပျိူးသည့် စိုက်ဧကများအပေါ် ခွဲတမ်းရရှိသော ဓာတ်မြေဩဇာ (၁၆၈၆)အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ခေတ္တသိုလှောင်ထားရှိသည့် မြို့သစ်ရပ်ကွက်၊ အားမာန်သစ်ခန်းမ၌ ခွဲဝေထုတ်ပေးခဲ့ပြီး တောင်သူများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဖြန့်ဖြူးရေးကော်မတီ၊ ဌာနဆိုင်ရာများမှ အမြန်ဆုံး ကွင်းဆင်းဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)