ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး နှင့် ခဆော့သီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကျွန်းလှ မြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှ မြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်း ရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ရောင်းချကာ ဈေး‌ကောင်း ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည် လျှင်(၂၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀) ကျပ် သော်လည်းကောင်း၊ ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ခဆော့သီး လက်လီ တစ်ပြည် လျှင်(၃၂၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်းခါးသီးနှင့်ခဆော့သီး  ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။

Doca(စစ်ကိုင်း)