
မိတ္ထီလာမြို့၊ ပန်းဈေးကွက်တွင် မိုးများရွာသွင်းသည့် ဇွန်လဆန်းတွင် ပန်းဈေးမှာ တည်ငြိမ်လျက်ရှိပြီး မိုးရေသောက်ရ၍ ပန်းများမှာ ပိုမိုလှပ၍ ရောင်းပန်းလှကြောင်း သိရပါသည်။ ဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော စသည်တို့မှ ဂန္ဓာမာပန်းများ၊ နှင်းဆီရောင်စုံ၊ မိသားစုနှင်းဆီ၊ အင်ကြင်းနီ ဂန္ဓမာ၊ ဂန္ဓမာ မြနှင်းဝါ၊ ဂန္ဓမာ မြနှင်းဖြူ၊ ဂန္ဓမာ ဖြူ၊ ဝါ ပန်းများ တင်ပို့ရောင်းချလျက်ရှိပြီး ကျောက်ဆည်မြို့မှ ထွက်ရှိသော သပြေငုတ်ကြီး၊ သေးများလည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
အိတ်စွပ်နှင်းဆီရောင်စုံမှာ (၁၀)ပွင့်စည်း (၁)စည်းလျှင် ၂၀၀၀ကျပ်၊ နှင်းဆီပန်း အနီရောင် (၁၀)ပွင့်စည်း (၁)စည်းလျှင် (၂၅၀၀)ကျပ်၊ မိသားစုနှင်းဆီ (၇)ခတ်ပါ တစ်စည်းလျှင် ၃၀၀၀ကျပ်၊ ဂန္ဓမာပွင့် အဖြူ၊ အဝါတို့မှာ (၁၀)ပွင့်စည်း တစ်စီးလျှင် (၂၅၀၀)ကျပ်၊ ဂန္ဓမာမြနှင်းဝါ၊ မြနှင်းဖြူတို့မှာ (၁၀)စည်း တစ်စီးလျှင် (၂၀၀၀)ကျပ်နှင့် သပြေငုတ်ကြီး တစ်ငုတ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)