
ပူနွေးသော ရာတုဥတုရှိသော အရပ်များတွင် စိုက်ပျိုးမြေဖြစ်ထွန်းပြီး အအေးဓာတ် ရှိသော အရပ်တွင် ပဲလင်းမြွေ ပင် မဖြစ်ထွန်းပါ။ ပဲလင်းမြွေပင်များသည် မြေဩဇာ အသင့် အတင့်ရှိပြီး ရေစီးရေလာ ကောင်းသော သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီသဲဝန်း စသော မြေများတွင် ဖြစ်ထွန်းပါသည်။ မြေချဉ်ငံဓာတ် (၆ မှ ၆.၅) အတွင်း ပိုမိုဖြစ်ထွန်းပါသည်။ ပဲလင်းမြွေပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် အထူးစိုက်ပျိုးဖြစ်ထွန်းပါသည်။
စိုက်ပျိုးပြီး (၇) ပတ် (၈) ပတ် ရှိလျှင် အသီးစတင်ဆွတ်ခူးနိုင်သည်။ အပင်များမနာစေရန် အသီး၏အညှာကို ဓားဖြင့်ဖြစ်စေ၊ ကတ်ကြေးဖြင့်ဖြစ်စေ ဖြတ်တောက်ခူးယူရပါမည်။ စိုက်ပြီး (၇) ပတ်ခန့်တွင် အသီးများစတင်ဆွတ်ခူးနိုင်ပြီး နောက် (၆) ပတ်၊ (၇) ပတ်ခန့်အထိ ဆက်တိုက် အသီးများ ဆွတ်ခူးယူနိုင်သည်။ တစ်ဧက အထွက်နှုန်းမှာ အတောင့် (၄၀၀၀၀) မှ (၅၀၀၀၀) ဖြစ်ပါသည်။ ပဲလင်းမြွေသီးများသည် နုနယ်သဖြင့် ဆွတ်ခူးပြီးနောက် ကြာရှည်စွာ သိုလှောင်၍ မရပါ။ ထို့ကြောင့် ဆွတ်ခူးပြီး ဈေးကွက်သို့ အမြန်ပို့ရောင်းချရပါသည်။ ပဲလင်းမြွေသီးကို ပုစွန်ခြောက်လေးနှင့်ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်လျှင် ချိုချိုလေးလေး အရသာလေးကြောင့် ထမင်းပူပူလေးနှင့် တွဲစားလျှင် အရသာအရမ်းရှိပါသည်။
ပဲလင်းမြွေသီးသည် အရသာတင်ကောင်းသည် မဟုတ်ဘဲ စားသုံးလိုက်သည့်အခါ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသည်။ သူမတူတဲ့ အသွင်အပြင်နှင့် အရသာ ရှိလှသည့် ဗုံလုံသီးကို စားသုံးပေးမည် ဆိုလျှင် ဆီးချို ကာကွယ်နိုင်ပါသည်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါ ရှိသူတွေအတွက် အထူးသင့်တော်ပါသည်။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ ရသလို ဆီးချို ကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ ရပါသည်။ အသားဝါ သက်သာစေနိုင်ပါသည်။ ဗုံလုံသီးပင်၏ အရွက်ကို ဒန့်သလွန်ရွက်နှင့် တွဲစားပေးမည်ဆိုလျှင် bilirubin လို့ခေါ်သည့် (သွေးတွင်းအဝါဓာတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန် ကျစေပါသည်။ ကယ်လ်လိုရီနှင့် အဆီပါဝင်မှု နည်းပြီး ရေဓာတ်နှင့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသောကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်မှာပါ။ ဝိတ်ချချင်သူတွေ စားပေးသင့်သည့် အရသာရှိသည့် ဟင်းလျာ တစ်မျိုးဖြစ်ပါသည်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါသည်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ ရှိနေသည့် အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါသည်။ အသည်း၏ လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါသည်။ နှလုံးကျန်းမာစေနိုင်သည်။ နှလုံးနှင့်ပတ်သက် သည့် ရောဂါတွေ ကင်းစေဖို့အတွက်လည်း ပဲလင်းမြွေသီးကို စားပေးလို့ရပါသည်။ စိတ်ဖိစီးမှုနှင့် ခန္ဓာကိုယ်က နာကျင်မှုတွေကြောင့် နှလုံးမှာ သက်ရောက်မှုရှိစေတာမျိုးကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသည်။ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀)ကျပ်နှုန်းထိ ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)