ပြည်မြို့၏ သစ်သီးဝလံဈေးနှုန်းဈေးကွက်များ

Powered by Drupal

   ပြည်မြို့၏သစ်သီးဝလံဈေးကွက်အတွင်း ယခုအခါသီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိရာ လိမ္မော်သီး၊  ဖရဲသီး၊ ပန်းသစ်တော်၊ ပျားလိမ္မော်စသည့်သီးနှံများအပြင် လိုင်ချီးသီး၊ စတော်ဘယ်ရီသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး စသည်ဖြင့် ရာသီစာ သစ်သီးဝလံများကလည်း အရောင်းအဝယ် ကောင်းနေကြောင်းသိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လဒုတိယအပတ်တွင် လိုင်ချီးသီးအနေဖြင့် တစ်ပိဿာ ၈၅၀၀ကျပ်၊ မင်းကွက်သီး အလုံးအရွယ်အစားအလိုက် (၁၀)လုံးဈေး ၃၅၀၀ကျပ်မှ ၂၅၀၀ ကျပ်၊ ကြက်မောက်သီး ဈေးနှုန်းမှာလည်း အသီးအရွယ်အစားပေါ်မူတည်၍ ၂၅၀ကျပ်မှ ၃၅၀ကျပ် အထိ ရောင်းဝယ်နေ ကြကြောင်းသိရှိရပါသည်။ ဒူးရင်းသီးရောင်းချမှုအနေဖြင့် ကားလေးများဖြင့် လမ်းဘေး၌ နေရာတစ်နေရာယူ၍ရောင်းချကြပြီး ဒူးရင်းသီးများကလည်း ယိုးဒယားသီး၊ ဗမာသီး၊ မွန် ထောင်းသီး၊ ကိုင်းဆက်သီး စသည်ဖြင့် အလုံးအရွယ်အစား အသီးအမျိုးအစားပေါ်မူတည်၍ ရောင်းချ ကြပြီး ကျပ်(၁)သောင်းကျော်မှ (၃)သောင်းကျော်ထိ အရည်အသွေးလိုက် အသီးအမျိုးအစားလိုက်  ဈေးများကွာခြားမှုရှိကြပါသည်။ ဒူးရင်းသီးကို အလုံးလိုက်မဟုတ်ဘဲ ဘူးများဖြင့်လည်း ဂရမ်အလိုက် ဈေးကွာခြားမှုရှိကြပါသည်။ ဒါ့ကြောင့် တစ်ဘူးလျှင် ကျပ် (၁)သောင်းကျော်မှစ၍ ဂရမ်များလျှင်များ သလို ဈေးပိုသွားကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)