မော်လမြိုင်မြို့နယ်၊ ရတနာထွန်းပွဲရုံအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၇.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ ရတနာထွန်းပွဲရုံအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ‌သော လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ၎င်းကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန် စွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)