မလှိုင်မြို့နယ်၏ပဲစင်းငုံစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

            ပြည်ပဝယ်လိုအားကောင်းသော လယ်ယာထွက်ကုန်သီးနှံများအနက် ပဲစင်းငုံကို မိတ္ထီလာခရိုင် အတွင်း မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးရာ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက်  မေလကုန် အထိ (၄၉၇၂၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြေစာရင်းဦးစီးဌာနမှသိရပါသည်။

            ပဲစင်းငုံမှာ ဧကပြည့်သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့(၄)ပြည် စိုက်ပျိုးရပြီး အ များအားဖြင့် တောင်သူများက ဝါ ၊ နှမ်း စသည့်သီးနှံများနှင့် သီးညှပ်စိုက်ပျိုးကြပါသည်။ သီးညှပ် စိုက်ပျိုးရာတွင် ဝါ ၊ နှမ်းစိုက်တန်း (၄/၅)တန်းလျှင် ပဲစင်းငုံစိုက်တန်း(၁)တန်းနှုန်းဖြင့် စိုက်ပျိုးကြရာ ယခင်နှစ်က တစ်ဧကအထွက်နှုန်းမှာ သီးညှပ်စိုက်ခင်းမှ ပဲစင်းငုံ (၄/၅)တင်းဝန်း ကျင်ထွက်ရှိခဲ့ကြောင်း သိရပါသည်။

           ပဲစင်းငုံမျိုးဈေးအနေနှင့် ဒေသတွင်းစိုက်ပျိုးမှုများသော ငုံနီ(သေး)ရွှေဒင်္ဂါး(ကိုင်းကား)မျိုးမှာ တစ်ပြည်လျှင် (၅၂၀၀/)ကျပ်ဈေးရှိပြီး တောင်သူများကတော့ ၎င်းတို့မှာကျန်ရှိတဲ့မျိုးစေ့ကို အများဆုံး စိုက်ပျိုးကြောင်း၊ ပဲစင်းငုံစိုက်ပျိုးရာတွင် မြေပြင်ပြီးနောက် မြေခံမြေဩဇာချပြီးပါက အပင်ကို အခြား သီးနှံများကဲ့သို့ များစွာပြုပြင်ပေးရန်မလိုအပ်ဘဲ ပေါင်းရှင်းခြင်း ၊ ပိုးကျသည့်နှစ်တွင် ပိုးခါခြင်း၊ ဆေး ဖြန်းခြင်းတို့ကိုသာ ဆောင်ရွက်ပေးရကြောင်းသိရပါသည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံပေါ်ချိန်တွင် (၁) တင်းလျှင် (၉၀၀၀၀)ကျပ်ရရှိခဲ့သဖြင့် နှမ်းစိုက်ပျိုးချိန်က မိုးနည်းခဲ့ သည့်အတွက် အထွက်နှုန်းကျဆင်း ခြင်း ၊ ဝါသီးနှံအပွင့်အသီးဝင်ချိန်က မိုးများသည့်အတွက် အထွက်နှုန်းကျခြင်းတို့အပေါ် ပဲစင်းငုံက ပြန်လည်ဖာထေးနိုင်ခဲ့ကြောင်း တောင်သူများထံမှ သိရပါသည်။ မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေ သောပဲစင်းငုံဈေးနှုန်အနေဖြင့်တစ်တင်းလျှင်(၈၃၀၀၀)ကျပ် မှ (၈၅၀၀၀)ကျပ်ဈေးရှိကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။