မိုးရာသီအစနှင့် ရာသီစာအစားအသောက်များ

Powered by Drupal

          ဒီလိုမိုးဦးကျခါစအချိန်တွင် ရာသီစာအစားသောက်များ ပေါများသောကြောင့် နှစ်သက်သဘော ကျရသော ရာသီထဲတွင် ပါဝင်ပါသည်။ ဒီလိုမိုးဦးကျချိန်တွင် မျှစ်၊မှို၊အင်ဥ၊ သင်္ဘောဖိုဖူး ၊ အရိပ်မထွက် ရွက် အရွက်စုံလတ်လတ်ဆတ်ဆတ်များ ချက်ချင်းခူးချက်ပြုတ်စားသောက်ရသည့် ဟင်းတစ်ခွက်ကို အသားဟင်းတစ်ခွက်ဖြင့် မလဲနိုင်ပါ။ “ချဉ်ပေါင်လက်ချား၊ ကြက်သားနှင့်တောင် မလဲနိုင်ပါ” ဆိုတဲ့ဆိုရိုးစကားတောင် ရှိခဲ့ပါသည်။

          မျှစ်၊ မှိုု၊ အင်ဥ စသည်တို့သည် သာစည်မြို့ အရှေ့ဘက် လှိုင်းတက်၊ ဆင်ရွာ၊ မြိုင်သာ စသည့် တောင်ခြေရွာများတွင် ထွက်ရှိပြီး မိတ္ထီလာ သာစည်မြို့ရှိ ဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ဈေးနှုန်းများအနေဖြင့် မျှစ်တစ်ပိဿလျှင် ၈၀၀၀ မှ ၁၀၀၀၀ ထိရှိပြီး အနု၊ အရင့် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ အင်ဥမျာ (၁)ပုံလျှင် ၂၅၀၀/ကျပ်မှ ၃၀၀၀ကျပ်၊ အရိပ်မထွက်ရွက်မှာ(၅)ကျပ်သား ၁၅၀၀ကျပ်၊ (၁၀)သားလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ရာသီစာအစားအသောက်များဖြစ်၍ ပုံမှန်ထက် ပိုပြီးရောင်းရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)