ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ (၁၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်စည်များရောင်းချရေးနှင့် စျေးဆိုင်များတွင် ပလတ် စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များရောင်းချစေရေးနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်း နှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)