မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စားသုံးဆီအရောင်းဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်တနင်္လာ‌နေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ဆက်လက်၍ မြို့မစျေး၌ ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)