
ဇွန်လဒုတိယပတ်အတွင်း ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးမှာ ဝယ်ယူမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင် မြို့နယ်၊ ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှဝင်ရောက်ခြင်း၊ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်ခြင်း၊ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိမွေးမြူရေးခြံတို့မှအသီးသီးဝင်ရောက်ကြောင်း သိရပါသည်။၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ (၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲ လျှင် ၁၂၆၀၀ဝိ/-နှင့်၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့် ကြက်ဥ တစ်လုံး လျှင်၄၂ဝိ/-နှင့်၄၅ဝိ/- ၊ ဘဲဥတစ်လုံးလျှင် ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိပြီးအရွယ်အစားပေါ်မူတည်၍စျေးကွားခြားမှုရှိကြောင်းသိရှိရပါသည်။ ပြင်ဦးလွင်ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက်အတွင်းသို့ကြက်ဥဝင်ရောက် မှု မှာ ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ ၂၀၂၅ ခုနှစ်မေလအတွင်း ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၃၇၀)စီး ဝင်ရောက်ကြောင်း သိရပါသည်။
DOCA(မန္တလေး)