အရောင်းသွက်သည့်ကုလားပဲစျေးကွက်

Powered by Drupal

              ကုလားပဲသီးနှံမှာပြည်တွင်း စားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၆၂၀၀၀ ကျပ်နှင့်၂၆၄၀၀၀ကျပ်၊ ကုလားပဲ(V-7)၂၆၄၀၀၀ ကျပ် နှင့် ၂၆၅၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၂၄၃၀၀၀ကျပ်နှင့်၂၄၅၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၀၀၀၀ ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၅၇၆ ကျပ်နှင့် ၄၆၁၁ကျပ်၊ (V-7)၄၇၁၆ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၃၂၀ကျပ်နှင့်၄၃၅၆ကျပ်၊ ကုလားပဲ(929) ၄၄၄၄ကျပ်နှင့် ၄၅၃၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၄၅၄၁ ကျပ်၊ (V-7) ၄၆၄၄ကျပ်နှင့် ၄၇၁၆ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၂၆၇ကျပ်နှင့် ၄၃၅၆ ကျပ်၊ကုလားပဲ(929) ၄၄၄၄ ကျပ်စျေးတို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀ ကျပ် အထက် စျေးပိုမိုရရှိကြောင်း သိရပါသည်။ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် စျေးအနည်းငယ်ပြောင်းလဲမှုရှိပြီး၊စျေးကွက်အတွင်းကုလားပဲမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)