ထောပတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

             ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိ ကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)၃၂၀၀၀၀ကျပ်၊ထောပတ်ပဲ(လတ်) ၂၈၀၀၀၀ ကျပ်၊ထောပတ်ပဲ(သေး) ၂၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ထောပတ်ပဲ (ကြီး) ၅၆၈၉ ကျပ်၊ ထောပတ်ပဲ(လတ်) ၄၉၇၈ ကျပ်၊ ထောပတ်ပဲ(သေး) ၄၈၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာ စျေးမှာ ထောပတ်ပဲ(ကြီး) ၈၀၀၀ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေး နှိုင်းယှဉ် ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။ ထောပတ်ပဲဝင်ရောက်မှု ပမာဏ ပေါ် မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)