
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးဆက်လက် ကျဆင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့စိုက်ပျိုးမှုများသော တပေါင်၊ ကံတွင်း၊ ဆင်လမ်းချောင်း၊ ကူရှည်၊ ရွာမနှင့် ကိုးထောင့်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၁)သောင်းခွဲခန့်ဝင်ရောက်ကြောင်း သိရသည်။ ကြက်သွန်နီ ဈေးနှုန်းကျဆင်းခြင်းကြောင့် ဈေးကွက်သို့ကုန်ဝင်ရောက်မှုနည်းကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေး လိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၁၅၀) ဈေးအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ယခင်ဇွန်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)ခန့် လျော့နည်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည် သန့်စင်ပြီး ရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၆၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသ အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ် ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀- ၁၈၀၀- ၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇွန်လ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)