နန္ဒဝန်ဈေးသစ်တွင် ကြက်သားဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဖွင့်လှစ်ထားသော နန္ဒဝန်ဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း အသား/ငါး ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်းသိရသည်။ ယခင်ဇွန်လ ဒုတိယပတ်တွင် ကြက်သားဈေးနှုန်းများအနေဖြင့် CP ကြက်သား ( ၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် (၂၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချခဲ့ရာမှ ယခု တတိယပတ်တွင် CP ကြက်သား ( ၂၅) ကျပ်သားလျှင် (၅၁၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၂၀၀)ကျပ်နှင့် ( ၁ )ပိဿာလျှင် (၂၀၄၀၀)ကျပ် ဈေးနှုန်းရှိကြောင်း ပထမပတ်နှင့် ဒုတိယပတ်ဈေးနှုန်းများ နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

Doca(စစ်ကိုင်း)