ကရင်ပြည်နယ် ခနိမ်းဒိုရပ်ကွက် အတွင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဒေါ်စမ်းစမ်းမြင့် ဦးစီးအရာရှိတို့ ဦးဆောင်၍  ဝန်ထမ်းများသည် (၁၅-၆-၂၀၂၅) ရက် ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ခနိမ်းဒိုရပ်ကွက်အတွင်း  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုး ဖြစ်သည့် နို့ကိတ်ခြောက် ရွှေကျီးမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်   စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက် ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)