
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၁၆.၆.၂၀၂၅ ရက်နေ့တွင် သီရိရွှေသာဈေး၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းပွား၊ စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက််စစ်ဆေးခြင်း၊ ဈေးကွက်နမူနာ ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဖော်မလင်ပါဝင်သည့် ပဲပြားများအား အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)