
(၁၆.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူသည်၊ ပန်းတနော် ဆီလုပ်ငန်းရှင်များအသင်းမှ(၁)ဦးတို့ပူးပေါင်းပါဝင်လျက် ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီ လက်လီဆိုင် (၆)ဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဖြစ်သော လုပ်ငန်းရှင်တို့မှ မိမိတို့ရရှိသော ခွဲတမ်းများအား ရပ်ကွက်အလိုက် နေ့စဉ် တံတက်(၁၀၀၀)နာရီမှ ညနေ(၃) နာရီအထိ ဆီထုတ်ယူခွင့် စာအုပ်စနစ်ဖြင့် အိမ်ထောင်တစ်စုလျှင်၊ (၁)လကို ၁ပိဿာ ၅၀ကျပ်သား ပုံမှန် ရောင်းချပေးခဲ့ပါကြောင်း၊ နေ့စဉ်ရောင်းချဈေးနှုန်းမှာလည်း လက်ကားကိုယ်စား လှယ်များက သတ်မှတ်ပေးသော ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်ဖြင့် ဖော်ပြက ရောင်းချပေးပါကြောင်း၊ အလေးချိန် မှန်ကန်စွာ ချိန်တွယ် ရောင်းချပေးပါကြောင်း၊ ဝယ်ယူပြီး ဆီစာအုပ်ထုတ်ယူပြီးစီးမှူကိုလည်း နေ့စဉ်အရောင်းစာရင်း ရေးသွင်းပြီးထားရှိပါကြောင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးရေးအဖွဲ့မှ ဆီများသိုလှောင်ထားရှိမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြပြီး သိုလှောင် ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)