ထားဝယ်မြို့ရှိ ငရုတ်သီးအခြောက်ဈေးနှုန်း

Powered by Drupal

     ထားဝယ်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော  ငရုတ်သီးခြောက်ကို ထားဝယ်မြို့ရှိ ပွဲရုံများမှတဆင့်  ဈေးများ၊  ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကား‌ရောင်းချကြကြောင်း သိရှိရပါသည်။  ရန်ကုန်ပွဲရုံများမှ သယ်ယူရောင်းချလျက်ရှိပြီး စားသုံးသူများပြားပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      လက်ရှိစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသောငရုတ်သီးခြောက်ဈေးနှုန်းမှာ ငရုတ်သီး (အပုခြောက်)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငရုတ်သီး(အရှည်ခြောက်) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)