ကလေးဝမြို့နယ်၏ ဝါးခမောက်လုပ်ငန်းအကြောင်း

Powered by Drupal

  ကလေးဝမြို့နယ်၊ အောက်တောကြီးကျေးရွာတွင် ဝါးခမောက်များ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဒေါ်မိုးကြည်ထံသို့ အနေဖြင့် ဝါးခမောက်များ ယက်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သည့် ဝါးများကို ဝါးပေါ်ချိန် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ဝါးလုံး အခြောက်လှမ်းစုဆောင်းထားခြင်း၊ နှီးဖျာခြင်း စသည်ဖြင့် ကုန်ကြမ်းများ စုဆောင်းရပါသည်။

   အဆိုပါဒေသတွင် ဝါးခမောက်ပြုလုပ်ခြင်းကို မိသားစုအလိုက် တစ်ပိုင်တစ်နိုင်ဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ရှေးယခင်က မိဘ၊ ဘိုးဘွားများ၏ လက်မှုလုပ်ငန်း အမွေအနှစ်ကို ထိန်းသိမ်းခြင်းဖြင့် သားစဉ်မြေးဆက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  ကုန်ကြမ်းဝါး ဖြစ်သည့် တင်းဝါးတစ်လုံးလျှင် ( ၁၂၀၀ ) ကျပ် ပေး၍ ဝယ်ယူ စုဆောင်းရပါကြောင်း၊ ဝါးများကို နှီးဖျာ၍ အခြောက်လှမ်းကာ စုဆောင်းထားရှိပြီး စျေးကွက်ရာသီဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် ရောင်းအားသွက်သည့် နွေရာသီတွင် အဓိကရက်လုပ်ကြကြောင်း၊ မိမိတို့မိသားစု စားဝတ်နေရေးကို အထောက်အကူပြု စေပြီး မိဘများ၏ အမွေအနှစ်ကို ထိန်းသိမ်းခြင်းဖြင့် ဆောင်ရွက်နေလျှက်ရှိပါကြောင်း၊ နှစ်စဉ် ယက်လုပ်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

   စျေးနှုန်းအနေဖြင့် အမျိုးသားဆောင်းခမောက်ဝိုင်း တစ်လုံးလျင် ( ၈၀၀၀ ) ကျပ်၊ လူကြီး/ လူငယ်ဆောင်းခမောက်ချွန်း တစ်လုံးလျင် ( ၃၅၀၀ − ၅၀၀၀ ) ကျပ်၊ အမျိုးသမီးဆောင်း  ( မစိန် ခမောက် ) တစ်လုံးလျင် ( ၁၀၀၀၀ ) ကျပ် စသည်ဖြင့် ပေါက်ဈေးနှုန်းများရှိပါကြောင်းနှင့် စျေးကွက်တင်ပို့မှုအနေဖြင့် ကလေးဝမြို့နယ်နှင့်  ကလေးမြို့ပေါ်ရှိ တဆင့်ခံရောင်းချသူများထံသို့ တင်ပို့ပေးရပါကြောင်း လုပ်ငန်းရှင်ထံမှ မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)