
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ မြစ်သားကြက် သွန်နီ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊ ကြက်သွန်နီကို အစားသောက်ချက်ပြုတ်ရာတွင်လည်းကောင်း၊ အကြော်ဆိုင်များမှလည်းကောင်း၊ ဝယ်ယူအသုံးပြုကြကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)