ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော အာလူးသီးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး(၁)ပိဿာလျှင် (၅၂၀၀)ကျပ်၊ အလုံးသေး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော်ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုကြကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)