
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၅.၆.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စာ်ပင်သာယာရေးအဖွဲံတို့၏ တာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၆)ခု၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ၊သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ/ မရှိတို့အား စစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်းရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့်မုန့်များကို ရှောင်ရှားကြရန် ကျောင်းဖွင့်ရာသီကာလဖြစ်၍ လက်ကာဆိုင်ကြီးများမှ ရောင်းချသော မုန့်များသည် ကျောင်းမုန့်ဈေးတန်းသို့ ရောက်ရှိမည်ဖြစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များနှင့် သက်ဆိုင်ရာခွင်ါ့ပြုချက်များပါဝင်သော မုန့်များကို ရောင်းချမှသာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းမာ်ဖြစ်ကြောင်းကို ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)