
ညောင်တုန်းမြို့နယ်တွင် ဆန်ဆိုင်များ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို (၁၅-၆-၂၀၂၅) နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း၌ ဆန်ဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ရပ်ကွက်များနှင့် ဈေးတန်းအတွင်း ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် စျေးများ သိုလှောင်ထားရှိမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ MRFမှ ဇွန်လအတွင်းထုတ်ပြန်ထားသော ရည်ညွှန်းဈေးအပေါ် ၈ရာခိုင်နှုန်း အမြတ်တင်၍ သတ်မှတ်ဈေးအတွင်းရောင်းချရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းသွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)