ဓနုဖြူမြို့တွင် အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

Powered by Drupal

    (၁၅.၆.၂၀၂၅)ရက်နေ့၊နံနက် (၁၀:၀၀)နာရီတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ များပါဝင်သောပူးပေါင်းအဖွဲ့မှ မြို့နယ် သန့်ရှင်သာယာရေးအဖွဲ့၊  အမှိုက်ပုံး(၄)မျိုးသုံးစွဲပုံနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။

     ဆောင်ရွက်ရာတွင် ခရီးသွားမိဘပြည်သူများအ​​နေဖြင့် အမှိုက်များကိုလမ်းဘေးဝဲယာတွင် လွယ်လင့်တကူ မစွန့်ပစ်ရန်နှင့် ခရီးသွားကားများပေါ်တွင် အမှိုက်ပုံးများထားရှိပေးထားသည့်အတွက် စနစ်တကျစွန့်ပစ်ကြရန်၊ မြို့တွင်း၌အမှိုက် စွန်ပစ်ခြင်းများတွေ့ရှိပါက ကားများကိုရပ်တန့်စေပြီး ဒါဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမှိုက်စွန့်ပစ်ရမည့် နေရာများတွင်သာ အမှိုက်များအားစနစ်တကျ စွန့်ပစ်စေရေးအသိပညာပေးခြင်းများ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချခြင်း၊ ရေရှည်စဉ်ဆက်မပြတ်သော အခြားနည်းလမ်းများ၊ ပစ္စည်းများကိုရှာ ဖွေဖော်ထုတ်ခြင်းများ၊ စက်မှုလုပ်ငန်းများ၊ ပြည်သူလူထုအစုအဖွဲ့များနှင့် တစ်ဦးချင်းစီ အတူတကွပူးပေါင်း ဆောင်ရွက်ကြမှသာ စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လျော့ချနိုင်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)