အရောင်အသွေးစုံ ပဲခွက် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

    ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ သရေစာအဖြစ်သော်လည်းကောင်း၊ နံနက်ခင်းတွင် ထမင်းဖြင့် အစာပြေသော် လည်းကောင်း စား၍ရသည့် အရောင်အသွေးစုံ ပဲခွက်များကို ရောင်းချလျက်ရှိပါသည်။ ပဲခွက်အပြင် အာလူးအပြားခြောက်၊ အာလူးချောင်းခြောက်၊ ပါပလာခြောက်၊ ငါးမုန့်ခြောက်များကို ရောင်းချလျက် ရှိကြောင်း၊ ပဲခွက်များကို မန္တလေးမြို့နှင့် မုံရွာမြို့များမှ မှာယူပြီး ရောင်းချရကြောင်း၊ ပဲခွက်မှာ ကစွန်း ၊ ကြက်သွန်နှင့် ခြောက်ပေါက်(ခေါ်)ရောင်စုံပန်းခွက်ဟူ၍ အမျိုးအစားများရှိကြောင်း၊ ပဲခွက်၊ ပါပလာနှင့်အာလူးအပြားခြောက်များကို (၁)ဆယ်သားမှစ၍ဝယ်ယူ၍ရပြီး (၁)ပိဿာဈေးနှုန်းမှာ (၁၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချရကြောင်း၊  ငါးမုန့်ခြောက်နှင့် အာလူးချောင်းခြောက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် (၈၀၀ဝိ/-)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)