
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်ခါကြက်ဥ(ဗမာ)ဟူ၍ ခါ(၂)မျိုးရောင်းချလျက်ရှိရာ ယခု အချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများကို ဝယ်ယူရောင်းချလျက်ရှိပြီး ရှားပါးသည့် အချိန်တွင် တရုတ် ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ လက္ကား တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥ လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(တရုတ်) လက္ကား တစ်ပိဿာ လျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းဖြစ်သောကြောင့် ယခင် အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)