မြိတ်မြို့ပေါ်ရှိရုံးပတီသီးစျေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရုံးပတီသီးဈေးကွက်မှာ မြိတ်ဒေသတွင်လည်း စိုက်ပျိုးထွက်ရှိသည့် စျေးကွက်တစ်ခုဖြစ်ပြီး၊ မြိတ်မြို့ပေါ်ရှိစျေးအသီးသီးမှ ရုံးပတီသီးတွေကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရေလုပ်ငန်းနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြရာ ရုံးပတီသီး စိုက်ပျိုးရေးသည်လည်း စီးပွားဖြစ်ကြောင်း သိရှိရပါသည်။ လမ်းခရီး အခြေအနေနှင့်ရာသီအလိုက် စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။

     ယခင်ဖေဖော်ဝါရီလအတွင်း မြိတ်မြို့ပေါ်ရှိတိုးချဲ့စျေးနှင့် ကန်ဖျားစျေးတို့တွင် ရုံးပတီသီး ဆယ်တောင့်လျှင် (၇၀၀)ကျပ်ရှိခဲ့ပြီး ယခုဇွန်လ ပထမပတ်အတွင်း ရုံးပတီသီးဆယ်တောင့်လျှင် (၁၂၀၀) ကျပ်အထိ စျေးတက်သွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)