
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၂.၆.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ကော့သောင်းခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီလက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေး နှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသောဂိုဒေါင်များ နှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်းချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)