
၁၀.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဘိုကလေးမြို့နယ်မှ သုခဝတီသင်္ဘောဖြင့် ကြားပျံ (၇၅၅)အိတ်၊ ပေါ်ဆန်း(၂၁၆) အိတ်၊ ပေါ်ကျွဲ(၆၁၄)အိတ်၊ ဧည့်မထ(၄၇၀)အိတ်၊ ဆန်ကွဲ(၈၁)အိတ်၊ ကျိုက်လတ်မြို့နယ်မှ စွယ်စုံသာလွန် သင်္ဘောဖြင့် ရွှေမြိုင်အောင်သင်္ဘောများဖြင့် ဧည့်မထ (၃၁၀၀) အိတ်၊ ဆန်ကွဲ(၈၆၂) အိတ်၊ ဒေးဒရဲမြို့နယ်မှ ကားဖြင့် ကြားပျံ(၈၆၅) အိတ်၊ ပေါ်ဆန်း(၃၈၉) အိတ်၊ ဧည့်မထ(၁၈၃၃) အိတ်၊ ဆန်ကွဲ (၂၀၀) အိတ် ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၈၅၀)အိတ်၊ ပေါ်ကျွဲ(၈၀၀) အိတ်၊ ဧည့်မထအိတ်ရေ (၂၇၀၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
၁၀.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ သင်္ဘောများ၊ ကားများဖြင့် ဆန်ဝင်ရောက်မှုမှာ ၉.၆.၂၀၂၅ ရက်နေ့ ဆန်ဝင်ရောက်မှုထက် အနည်းငယ်လျော့နည်းကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)