
တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအုပ်စု၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးမျာနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးရာသီပွဲတော် (ဒုတိယအကြိမ်)အား ဇွန်လ(၁၄)ရက် နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားသို့ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ပျိုးပင်ပေါက်များအား ပေးအပ်ခဲ့ကြပြီး မန်ဂျန်ရှားပျိုးပင် စုစုပေါင်း (၆၀၀)ပင်တို့ကို မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်ကြသူများနှင့်အတူ ပျိုးပင်များအား စိုက်ပျိုးပြီးစီးခဲ့ပြီး အခမ်းအနားပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)