
(၁၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှု မရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မှော်ဘီမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွားတတ်သော ဖျားနာကိုက်ခဲမှုများ ဖြစ်ပေါ်နေသဖြင့် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့်ပိုးသတ်ဆေးတို့မှာ အရောင်းသွက်နေပြီး ကျန်ဆေးများလည်း ပုံမှန်ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာ ရောင်းချရန်၊ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေသည့်ကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှု ဘေးအန္တရာယ်ကင်းရှင်းစေသည့် ကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)