ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

Powered by Drupal

  ရွှေဘိုခရိုင်အတွင်းတွင် ဇွန်လ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါ သည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ပထမပတ်တွင် ရန်ကုန်သို့ (54243)အိတ်၊ မန္တလေးသို့ (28221) အိတ်၊ နေပြည်တော်သို့ (1241)အိတ်၊ပဲခူးတိုင်းသို့ (2720)အိတ်၊ မကွေးတိုင်းသို့ (373)အိတ်၊ ရှမ်း(တောင်)သို့ (17692)အိတ်၊ ကချင်ပြည်နယ်သို့ (4220)အိတ်၊ မွန်ပြည်နယ်သို့ (10665)အိတ်၊ မူဆယ်သို့ (450)အိတ်၊ကရင်ပြည်နယ်သို့ (2030)အိတ် ၊ဧရာဝတီသို့ (360)အိတ်၊စုစုပေါင်း အိတ်ရေ 122215 တန် အားဖြင့် 6111တန် စီးထွက်ခဲ့ပါသည်။

   ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (70457)အိတ်၊ မန္တလေးသို့ (33605) အိတ်၊ နေပြည်တော်သို့ (1000)အိတ်၊ပဲခူးတိုင်းသို့ (5865)အိတ်၊ မကွေးတိုင်းသို့ (1805)အိတ်၊ ရှမ်း(တောင်)သို့ (22515)အိတ်၊ ကချင်ပြည်နယ်သို့ (592)အိတ်၊ မွန်ပြည်နယ်သို့ (13305)အိတ်၊ မူဆယ်သို့ (180)အိတ်၊ကရင်ပြည်နယ်သို့ (2570)အိတ် ၊ဧရာဝတီသို့ (180)အိတ်၊စုစုပေါင်း အိတ်ရေ 152074 တန် အားဖြင့် 7604တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 29859၊ တန်အားဖြင့် 1493တန် ပို၍ စီးထွက် ခဲ့ပါသည်။

   ရွှေဘိုမြို့၏ ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၅၀၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် ၂၅၀၀၀၀၀ ၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)