
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးပါ(၃)ဉီး၊ မြန်မာ နိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဉီးတင်ရွှေ၊ အဖွဲ့ဝင်တို့ ပူးပေါင်းပါဝင်လျက် (၁၂.၆.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် အမှတ်(၁၂၄)၊ သခင်မြလမ်း(၁၃)ရပ်ကွက်ရှိ ရွှေပုစွန်စားအုန်းဆီဆိုင်မှ ပိုင်ရှင် ဉီးမောင်ကျော်ဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ၊ ပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောင်းချခြင်းရှိ/မရှိအား စစ်ဆေးခဲ့ပြီး ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်း အတိုင်း အဆင့်လိုက် (၂%)အမြတ်သာတင်၍ ရောင်းချပြီး ရောင်းချမှုလက်ခံဘောင်ချာများကိုလည်း ထားရှိပြီး မိမိတို့ဌာနမှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)