ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်း

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ဝန်ထမ်းများသည်(၁၁.၆.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၂:၃၀)နာရီတွင် ခေါင်တိုင်ကျေးရွာ ၊ညောင်ရွှေမြို့နယ် ရှိစားအုန်းဆီ လက်လီအရောင်းဆိုင် (၂)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခေါင်တိုင်ကျေးရွာ ၊ညောင်ရွှေမြို့နယ်မှ ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာ သောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျ စရိတ်နှင့် ၂%အမြတ် တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့  ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေး သွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောလက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(ရှမ်း)