ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်

Powered by Drupal

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။  

    ဇွန်လ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၈၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၁၁၈)တန် ဖြစ်ကြောင်း၊ ယခုအပတ်တွင် ပဲစဉ်းငုံ(နီ)တစ်တင်းရောင်းဈေးနည်းပါးသဖြင့် စိုက်ပျိုးသည့် တောင်သူများ အကျိုးအမြတ်နည်းပါးကြောင်း၊  ဝင်ရောက်မှုလည်းနည်းပါးပြီး  အရောင်းအဝယ် အေးလျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်မှုအရ သတင်းရရှိပါသည်။ ‌

DOCA(စစ်ကိုင်း)