
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ဝန်ထမ်းများအတွက် ကြက်ဥနှင့်ဝက်သားများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ ရောင်းချရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ပူးပေါင်း၍ ကြက်ဥအလုံး(၃၀)ပါ တစ်ကတ်လျှင် (၁၃၀၀၀)ကျပ်ဖြင့်(၁၈၀)ကတ် နှင့် ဝက်သား တစ်ပိဿာ (၃၁၀၀၀) ကျပ်ဖြင့် (၅၁)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)